logo

MENU
  • HOME>Customer Center>

    Expert

    Expert

    [Business]Land Solution Expert Opinion

    2021.03.11

    Land Solution Daily News

    ------------------

    * တာမွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်အား သံပုံးတီးကန့်ကွက်သူများကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်

    ရန်ကုန်မြို့ တာမွေမြို့နယ် အောင်မင်္ဂလာလမ်း ကျောက်မြောင်းကြီး ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြတဲ့ ရပ်ကွက်နေပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခတ်ကာ လူစုခွဲခဲ့တယ်လို့ သိရပါတယ်။

    Source : DVB Burmese

    http://burmese.dvb.no/archives/446708

    *မြန်မာ့တပ်မတော်အပါအဝင် စီမံမှုအောက်အဖွဲ့အစည်းများကို Facebook နှင့် Instagram က ပိတ်ပင်

    မြန်မာ့ တပ်မတော် နဲ့ တပ်မ‌တော် တိုက်ရိုက်စီမံမှုအောက်မှာရှိတဲ့ အစိုးရအဖွဲ့အစည်း နဲ့ သတင်းနှင့်ပြန်ကြားရေး အဖွဲ့အစည်းများကို Facebook နဲ့  Instagram မှာ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ပြီး တပ်မတော် စီးပွားရေး လုပ်ငန်းများရဲ့ ကြော်ငြာခွင့်ကိုပါ ပိတ်ပင်လိုက်တယ်လို့ Facebook က ဒီနေ့ ကြေညာလိုက်ပါတယ်။

    Source : DVB Burmese

    http://burmese.dvb.no/archives/446600

    *မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီသစ် ဟန့်တားမည့်အစီအစဉ် ဂျပန်အစိုးရ လုပ်နေ

     ဂျပန်အစိုးရဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီသစ်ကို ဟန့်တားဖို့ အစီအစဉ်တွေ အပြီးသတ် လုပ်ဆောင်နေတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ အဆာဟိ ရှင်းဘွန်း သတင်းစာမှာ ဖော်ပြထားပါတယ်။

    အနောက်မဟာမိတ်နိုင်ငံတွေက မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအပေါ် နောက်ထပ် အရေးယူဖို့ ခြိမ်းခြောက်နေပြီး ဒဏ်ခတ်မှုအသစ်တွေ ချမှတ်နေချိန်မှာ ဂျပန်က ခုလို စီစဉ်တာလည်း ဖြစ်ပါတယ်။

    Source : DVB Burmese

    http://burmese.dvb.no/archives/446501

    *နာရေးကူညီမှုအသင်း(ရန်ကုန်)က ရဲနှင့် စစ်တပ်မိသားစုများ၏ ဈာပနနှင့် ဆေးကုသမှုများ ကူညီမှုမပေးတော့ဟု ပြော

    ပြည်သူများ အသက်သေ ဆုံးသည်အထိ အကြမ်းဖက်ဖြို ခွင်းမှုများ ပြုလုပ်သည့် ရဲနှင့် စစ် တပ်မိသားစုများအား ဈာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှုများကို နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် ကူညီလုပ်ဆောင်ပေး တော့မည်မဟုတ်ကြောင်း ယင်း အသင်း၏ဥက္ကဋ္ဌ ဦးကျော်သူ၏ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေက ပြော ကြားသည်။

    Source : DVB Burmese

    https://7day.news/304254

    *ကုလဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နယူးယောက်က မြန်မာတွေ ကြိုဆိုနှုတ်ဆက်

    စစ်ကောင်စီကို ဆန့်ကျင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ CRPH ကို ကိုယ်စားပြုပြီးတက်ရောက်ခဲ့ပြီး အစည်းအဝေးထဲကနေ ပြန်လည်ထွက်ခွာလာတဲ့ ဦးကျော်မိုးထွန်းကို နယူးယောက်က ကုလရုံးအပြင်ဘက်မှာ မြန်မာတွေက လာရောက် ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

    Source : BBC Burmese

    https://www.bbc.com/burmese/live/burma-56140135

    List  >